Header Ads

ေခ်ာင္းဆံုျမိဳ႕နယ္က NLD ပါတီ၀င္ (၂၁) ဦးကို ပါတီဗဟိုရဲ႕ ဆံုးျဖတ္ခ်က္အရ တာ၀န္ကေန ယာယီ ရပ္ဆိုင္းထားျပီး တစ္လအတြင္း စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေန

အင္တာဗ်ဴး
=========

"ကြ်န္ေတာ္တို႔ကေတာ့ စံုစမ္းစစ္ေဆးရမယ့္ တာ၀န္ပါပဲ။ ပါတီ၀င္ေတြကို ထုတ္ပယ္မလား၊ ဆက္လက္ ရွိေနလားဆိုတာကေတာ့ ဗဟိုအလုပ္အမႈေဆာင္ရဲ႕ ဆံုးျဖတ္ခ်က္ေပၚ မွာပဲ မူတည္ပါတယ္"

ေခ်ာင္းဆံုျမိဳ႕နယ္က NLD ပါတီ၀င္ (၂၁) ဦးကို ပါတီဗဟိုရဲ႕ ဆံုးျဖတ္ခ်က္အရ တာ၀န္ကေန ယာယီ ရပ္ဆိုင္းထားျပီး တစ္လအတြင္း စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။
ပါတီ၀င္ေတြကို ဘယ္လိုေတြ အေရးယူဖုိ႔ရွိမလဲ ဆိုတာနဲ႔ ပတ္သက္ျပီး စံုစမ္းစစ္ေဆးေရးအဖြဲ႔မွာ ပါ၀င္တဲ့ မြန္ျပည္နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္( NLD) ဥကၠဌ ေဒါက္တာခင္ေဆာင္ကို သံလြင္တိုင္းမ္က ေတြ႔ဆံုေမးျမန္းထားတာေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ေမး။  ။ NLD ပါတီ၀င္ (၂၁) ဦးကို တစ္လအတြင္း စစ္ေဆးမယ္ဆိုေတာ့ အခုလက္ရွိဘယ္လိုေတြ စိစစ္ေဆာင္ရြက္ေနလဲ။
ေျဖ။  ။ ကြ်န္ေတာ္တို႔ကို တိုင္ၾကားထားတဲ့သူေတြကို အရင္ဆံုး စစ္ေဆးေနပါတယ္။

ေမး။  ။ သူတို႔ကို အဓိက စစ္ေဆးတာက ၾကားျဖတ္ေရြးေကာက္ပြဲမွာ ေခ်ာင္းဆံုကိုယ္စားလွယ္ ဦးေအး၀င္းကို ေရြးခ်ယ္ခဲ႔တဲ့အတြက္ ဆႏၵျပတဲ႔အေၾကာင္းနဲ႔ ဆက္စပ္ေနတယ္လို႔ေျပာတယ္။အဲ့ဒါ တစ္ခုတည္းေၾကာင့္ပဲလား။
ေျဖ။  ။ ဟုတ္ပါတယ္။ေခ်ာင္းဆံုၾကားျဖတ္ေရြးေကာက္ပြဲမွာ ဆႏၵျပတဲ့အတြက္ ပါတီဗဟိုက အေရးယူတာပါ။ ဒီတစ္ခုတည္းပါ။

ေမး။  ။  ေခ်ာင္းဆံု ၾကားျဖတ္ေရြးေကာက္ပြဲကာလမွာ ျဖစ္တဲ့ ကိစၥကုိ အခုမွ ျပန္လည္အေရးယူတာေတြ ရွိတယ္လို႔ ေ၀ဖန္ေနတာေတြလည္း ရွိပါတယ္ဆရာ။ဘာေၾကာင့္မ်ားပါလဲ။
ေျဖ။  ။အစကတည္းက တိုင္ၾကားထားတာေတြ ရွိပါတယ္။အခုမွ ဗဟိုကေနျပီးေတာ့ ကြ်န္ေတာ္တို႔ကို စံုစမ္းစစ္ေဆးဖို႔ဆိုျပီးေတာ့ စာထုတ္လိုက္လို႔ ကြ်န္ေတာ္တို႔ စစ္ေဆးတာပါ။

ေမး။  ။ စစ္ေဆးေနတဲ့ကာလအတြင္းမွာေရာ အခက္ခဲေတြ ရွိေသးလား။
ေျဖ။  ။ အခုေလာေလာဆယ္ေတာ့ မရွိေသးပါဘူး။

ေမး။  ။  ပါတီ၀င္ေတြ ေထာက္ခံတဲ့ ေခ်ာင္းဆံုေဒသခံ ဦးေစာလင္းေအာင္ ကို မေရြးခဲ့ဘဲ ဦးေအး၀င္းကို ေရြးခဲ့လို႔ ၾကားျဖတ္မွာ ရႈံးနိမ့္ခဲ့တာလို႔ သံုးသပ္လို႔ရမလားဆရာ။ ဆရာ့အျမင္ေလးလည္း ေျပာျပေပးပါဦး။
ေျဖ။  ။ဦးေစာလင္းေအာင္ကို မေရြးလို႔ ရႈံးတယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ ဦးေအး၀င္းလည္း အန္အယ္လ္ဒီကပဲေလ။ဦးေစာလင္းေအာင္လည္း အန္အယ္လ္ဒီကပဲေလ။ဗဟုိကေနျပီးေတာ့ စိစစ္ေရြးခ်ယ္လိုက္တဲ့အခါမွာ ဦးေအး၀င္းျဖစ္လာတယ္။ အဲ့ဒါေၾကာင့္ ဦးေအး၀င္း ေအာင္ႏုိင္ေရးအတြက္ အားလံုးက ၀ိုင္း၀န္းျပီး လုပ္ေဆာင္ေပးရမွာပဲေလ။

ေမး။  ။ပါတီ၀င္ (၂၁)ဦးေတာင္ဆုိေတာ့ လက္ရွိသူတို႔တာ၀န္ေတြ ယာယီ ရပ္ဆိုင္းခံရတဲ႔ အေနအထားမွာ ပါတီရဲ႕ လုပ္ငန္းေဆာင္တာေတြအခက္ခဲမရွိႏိုင္ဘူးလား။
ေျဖ။  ။မရွိႏိုင္ပါဘူး။သူတို႔ကို ယာယီ ရပ္ဆိုင္းထားတာဆိုေတာ့ေလ။ တစ္လအတြင္း သူတို႔ကို စစ္ေဆးရမွာပါ။

ေမး။  ။လက္ရွိမွာ NLD ပါတီ၀င္ေတြ အခ်င္းခ်င္း ဆႏၵျပၾကတယ္။ မၾကာခဏ ဆိုသလို ပါတီ၀င္ေတြကို ေနရာေဒသအသီးသီးမွာ ထုတ္ပယ္တာေတြရွိတယ္။အဲ့ဒီအေပၚမွာအကိုဘယ္လိုျမင္ပါလဲ။
ေျဖ။  ။ ကြ်န္ေတာ္တို႔ ပါတီမွာ စည္းမ်ဥ္းစည္းကမ္းေတြရွိတယ္။ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ မကိုက္ညီဘူးဆိုရင္ေတာ့ ဗဟိုကေတာ့ အေရးယူမွာပဲ။ဒါက ကြ်န္ေတာ္တို႔ အစကတည္းက ေျပာထားျပီးသားပါ။

ေမး။  ။  လက္ရွိ မြန္ျပည္နယ္မွာ ၀န္ၾကီးခ်ဳပ္ေတြကလည္း အေျပာင္းအလဲ ျဖစ္ခဲ႔တယ္။ေခ်ာင္းဆံု တံတားကိစၥေတြ ၊ ေက်ာက္မီးေသြးကိစၥေတြ ဂယက္ရိုက္ခဲ့တယ္ဆိုေတာ့ ဒါေတြကို တိတိက်က် ကိုင္တြယ္ေျဖရွင္းဖို႕ဆိုရင္ဘယ္လိုေတြ ဆက္လက္ လုပ္ေဆာင္သင့္တယ္လို႔ ဆရာျမင္လဲ။
ေျဖ။  ။ဒါေတြကေတာ့ ကြ်န္ေတာ္တို႔ ပါတီနဲ႔ မကိုက္ညီတဲ့အတြက္ အေရးယူခံရတယ္လို႔ပဲ ကြ်န္ေတာ္ျမင္ပါတယ္။

ေမး။  ။ ပါတီ၀င္ေတြကို တာ၀န္က ယာယီ ရပ္ဆိုင္းတဲ႔ အေပၚ ဆရာ့အေနနဲ႔ ဘာေတြ ျဖည့္ စြက္ေျပာခ်င္ေသးလဲ။
ေျဖ။  ။ ကြ်န္ေတာ္ကေတာ့ ျပည္နယ္ပါတီ ဥကၠဌတစ္ေယာက္အေနနဲ႔ ကြ်န္ေတာ့တာ၀န္ေတြကိုပဲ လုပ္သြားမွာပါ။ကြ်န္ေတာ္တို႔ကေတာ့ စံုစမ္းစစ္ေဆးရမယ့္ တာ၀န္ပါပဲ။ ပါတီ၀င္ေတြကို ထုတ္ပယ္မလား၊ ဆက္လက္ ရွိေနလားဆိုတာကေတာ့ ဗဟိုအလုပ္အမႈေဆာင္ရဲ႕ ဆံုးျဖတ္ခ်က္ေပၚ မွာပဲ မူတည္ပါတယ္။

အခုလိုအခ်ိန္ေပးျပီး ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ဆရာ။

ေတြ႕ဆံုေမးျမန္းသူ - TU Arkar Min

Unicode

အင်တာဗျူး
=========

"ကျွန်တော်တို့ကတော့ စုံစမ်းစစ်ဆေးရမယ့် တာ၀န်ပါပဲ။ ပါတီ၀င်တွေကို ထုတ်ပယ်မလား၊ ဆက်လက် ရှိနေလားဆိုတာကတော့ ဗဟိုအလုပ်အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်ပေါ် မှာပဲ မူတည်ပါတယ်"

ချောင်းဆုံမြို့နယ်က NLD ပါတီ၀င် (၂၁) ဦးကို ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်အရ တာ၀န်ကနေ ယာယီ ရပ်ဆိုင်းထားပြီး တစ်လအတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ပါတီ၀င်တွေကို ဘယ်လိုတွေ အရေးယူဖို့ရှိမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါ၀င်တဲ့ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ဥက္ကဌ ဒေါက်တာခင်ဆောင်ကို သံလွင်တိုင်းမ်က တွေ့ဆုံမေးမြန်းထားတာတွေကိုဖော်ပြပေးလိုက်ပါတယ်။

မေး။  ။ NLD ပါတီ၀င် (၂၁) ဦးကို တစ်လအတွင်း စစ်ဆေးမယ်ဆိုတော့ အခုလက်ရှိဘယ်လိုတွေ စိစစ်ဆောင်ရွက်နေလဲ။
ဖြေ။  ။ ကျွန်တော်တို့ကို တိုင်ကြားထားတဲ့သူတွေကို အရင်ဆုံး စစ်ဆေးနေပါတယ်။

မေး။  ။ သူတို့ကို အဓိက စစ်ဆေးတာက ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံကိုယ်စားလှယ် ဦးအေး၀င်းကို ရွေးချယ်ခဲ့တဲ့အတွက် ဆန္ဒပြတဲ့အကြောင်းနဲ့ ဆက်စပ်နေတယ်လို့ပြောတယ်။အဲ့ဒါ တစ်ခုတည်းကြောင့်ပဲလား။
ဖြေ။  ။ ဟုတ်ပါတယ်။ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒပြတဲ့အတွက် ပါတီဗဟိုက အရေးယူတာပါ။ ဒီတစ်ခုတည်းပါ။

မေး။  ။  ချောင်းဆုံ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဖြစ်တဲ့ ကိစ္စကို အခုမှ ပြန်လည်အရေးယူတာတွေ ရှိတယ်လို့ ေ၀ဖန်နေတာတွေလည်း ရှိပါတယ်ဆရာ။ဘာကြောင့်များပါလဲ။
ဖြေ။  ။အစကတည်းက တိုင်ကြားထားတာတွေ ရှိပါတယ်။အခုမှ ဗဟိုကနေပြီးတော့ ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့ စာထုတ်လိုက်လို့ ကျွန်တော်တို့ စစ်ဆေးတာပါ။

မေး။  ။ စစ်ဆေးနေတဲ့ကာလအတွင်းမှာရော အခက်ခဲတွေ ရှိသေးလား။
ဖြေ။  ။ အခုလောလောဆယ်တော့ မရှိသေးပါဘူး။

မေး။  ။  ပါတီ၀င်တွေ ထောက်ခံတဲ့ ချောင်းဆုံဒေသခံ ဦးစောလင်းအောင် ကို မရွေးခဲ့ဘဲ ဦးအေး၀င်းကို ရွေးခဲ့လို့ ကြားဖြတ်မှာ ရှုံးနိမ့်ခဲ့တာလို့ သုံးသပ်လို့ရမလားဆရာ။ ဆရာ့အမြင်လေးလည်း ပြောပြပေးပါဦး။
ဖြေ။  ။ဦးစောလင်းအောင်ကို မရွေးလို့ ရှုံးတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဦးအေး၀င်းလည်း အန်အယ်လ်ဒီကပဲလေ။ဦးစောလင်းအောင်လည်း အန်အယ်လ်ဒီကပဲလေ။ဗဟိုကနေပြီးတော့ စိစစ်ရွေးချယ်လိုက်တဲ့အခါမှာ ဦးအေး၀င်းဖြစ်လာတယ်။ အဲ့ဒါကြောင့် ဦးအေး၀င်း အောင်နိုင်ရေးအတွက် အားလုံးက ၀ိုင်း၀န်းပြီး လုပ်ဆောင်ပေးရမှာပဲလေ။

မေး။  ။ပါတီ၀င် (၂၁)ဦးတောင်ဆိုတော့ လက်ရှိသူတို့တာ၀န်တွေ ယာယီ ရပ်ဆိုင်းခံရတဲ့ အနေအထားမှာ ပါတီရဲ့ လုပ်ငန်းဆောင်တာတွေအခက်ခဲမရှိနိုင်ဘူးလား။
ဖြေ။  ။မရှိနိုင်ပါဘူး။သူတို့ကို ယာယီ ရပ်ဆိုင်းထားတာဆိုတော့လေ။ တစ်လအတွင်း သူတို့ကို စစ်ဆေးရမှာပါ။

မေး။  ။လက်ရှိမှာ NLD ပါတီ၀င်တွေ အချင်းချင်း ဆန္ဒပြကြတယ်။ မကြာခဏ ဆိုသလို ပါတီ၀င်တွေကို နေရာဒေသအသီးသီးမှာ ထုတ်ပယ်တာတွေရှိတယ်။အဲ့ဒီအပေါ်မှာအကိုဘယ်လိုမြင်ပါလဲ။
ဖြေ။  ။ ကျွန်တော်တို့ ပါတီမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ ဗဟိုကတော့ အရေးယူမှာပဲ။ဒါက ကျွန်တော်တို့ အစကတည်းက ပြောထားပြီးသားပါ။

မေး။  ။  လက်ရှိ မွန်ပြည်နယ်မှာ ၀န်ကြီးချုပ်တွေကလည်း အပြောင်းအလဲ ဖြစ်ခဲ့တယ်။ချောင်းဆုံ တံတားကိစ္စတွေ ၊ ကျောက်မီးသွေးကိစ္စတွေ ဂယက်ရိုက်ခဲ့တယ်ဆိုတော့ ဒါတွေကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင်ဘယ်လိုတွေ ဆက်လက် လုပ်ဆောင်သင့်တယ်လို့ ဆရာမြင်လဲ။
ဖြေ။  ။ဒါတွေကတော့ ကျွန်တော်တို့ ပါတီနဲ့ မကိုက်ညီတဲ့အတွက် အရေးယူခံရတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။

မေး။  ။ ပါတီ၀င်တွေကို တာ၀န်က ယာယီ ရပ်ဆိုင်းတဲ့ အပေါ် ဆရာ့အနေနဲ့ ဘာတွေ ဖြည့် စွက်ပြောချင်သေးလဲ။
ဖြေ။  ။ ကျွန်တော်ကတော့ ပြည်နယ်ပါတီ ဥက္ကဌတစ်ယောက်အနေနဲ့ ကျွန်တော့တာ၀န်တွေကိုပဲ လုပ်သွားမှာပါ။ကျွန်တော်တို့ကတော့ စုံစမ်းစစ်ဆေးရမယ့် တာ၀န်ပါပဲ။ ပါတီ၀င်တွေကို ထုတ်ပယ်မလား၊ ဆက်လက် ရှိနေလားဆိုတာကတော့ ဗဟိုအလုပ်အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်ပေါ် မှာပဲ မူတည်ပါတယ်။

အခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။

တွေ့ဆုံမေးမြန်းသူ - TU Arkar Min

No comments