သထုံ၊ ဇူလိုင် ၂၃
Unicode
သိမ်းဆည်းခံ လယ်ယာမြေအရေးနှင့်ပတ်သက်ပြီး သထုံတွင် ဆန္ဒဖော်ထုတ်
သထုံ၊ ဇူလိုင် ၂၃
သထုံမြို့ထောင်မှူးကျေးရွာနေ ဦးနေလင်းထွန်းဦးဆောင်ပြီး လူ(၁၀၀)ခန့်က သိမ်းဆည်းခံလယ်ယာမြေကိစ္စနှင့်ပတ်သက်ပြီးအရေးယူဆောင်ရွက်မှုမရှိခြင်းအတွက် ယနေ့မနက်ပိုင်းက သထုံမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။
ဆန္ဒဖော်ထုတ်မှုတွင် သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ သထုံမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးဒေါ်စုမြတ်မွန်၊ သထုံမြို့မရဲစခန်းမှ ဒုရဲအုပ်လွမ်းအောင်၊ မြို့နယ်မြေစာရင်းဦးစီးမှူးတို့အား ယင်းတို့၏ သိမ်းဆည်းခံ လယ်ယာမြေအရေးဆောင်ရွက်ပေးမှုနှင့်ပတ်သက်ပြီး မကျေနပ်သဖြင့် ရည်ရွယ်ဆန္ဒဖော်ထုတ်ကြောင်းလည်း ဦးဆောင်သူ ဦးဆောင်သူ ဦးနေလင်းထွန်းကပြောသည်။
Post a Comment