ဗဟိုလူငယ်အတွေ့အကြုံရှင်းလင်းပွဲ ချောင်းဆုံပြည်ခိုင်ဖြိုးကျင်းပ
ချောင်းဆုံ၊ ဇွန် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ညီလာခံ ၂၀၁၈ သို့ တက်ရောက်ခဲ့ရောက်ခဲ့သော ချောင်းဆုံမြို့နယ်လူငယ်များမှ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ ဇွန်လ ၂၄ ရက် နံနက်၁၀နာရီခွဲက ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစညအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး လူငယ်ကိုယ်စားလှယ်များက မိတ်ဆက်ကြပြီး ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းမှအဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပါတီအတွင်းရေးမှူးမှ ရှင်းလင်းပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားကာ လူငယ်ကိုယ်စားလှယ်တစ်ဦးမှ ပါတီဥက္ကဋ္ဌကြီး၏ လူငယ်ညီလာခံတွင်ပြောကြားခဲ့သည့် လမ်းညွှန်မိန့်ခွန်းအား ကောက်နှုတ်တင်ပြသည်။
ယင်းနောက် လူငယ်တစ်ဦးမှ ရရှိတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအား ပြန်လည်မျှဝေပြောကြားပြီး လူငယ်ကိုယ်စားလှယ်တစ်ယောက်မှ ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာသည့်လူငယ်များ၏ သိရှိလိုသည်များအား မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားပြီး ပြည်ခိုင်ဖြိုးသီချင်းသီဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းနှင့် ပြည်နယ် ခရိုင်၊ မြို့နယ်ပါတီပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြို့နယ်ကော်မတီဝင်များ လူငယ်ကိုယ်စားလှယ်များ၊ ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Post a Comment