Header Ads

မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠ႒ ေဒါက္တာေအာင္ႏုိင္ဦး ပါတီမွ ႏႈတ္ထြက္

မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠ႒ ေဒါက္တာေအာင္ႏုိင္ဦး ပါတီမွ ႏႈတ္ထြက္
================
ေမာ္လၿမိဳင္၊ ဇူလိုင္ ၂၄

မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠ႒ ေဒါက္တာ ေအာင္ႏုိင္ဦးသည္ မြန္ေဒသလုံးဆုိင္ရာ ဒီမိုကေရစီပါတီ (AMDP) မွ ႏႈတ္ထြက္ထားၿပီးျဖစ္ေၾကာင္း ဇူလိုင္လ ၂၂ ရက္က ေမာ္လၿမိဳင္ၿမိဳ႕၊ ဓာတုမာလ ပရိယတၱိစာသင္တုိက္တြင္ က်င္းပသည့္ (၄) ႀကိမ္ေျမာက္ မြန္အမ်ဳိးသားစည္းလုံးညီညြတ္ေရး အက်ဳိးေဆာင္အဖြဲ႕၏ တိုးခ်ဲ႕အစည္းအေဝးတြင္ ၎က တရားဝင္​ေျပာၾကားခဲ့သည္။

လက္႐ွိ မြန္ႏုိင္ငံေရးပါတီ ေပါင္းစည္းေရးကိုလိုလားေသာ ႏိုင္ငံေရးအစုအဖြဲ႕တြင္ ေဒါက္တာ မင္းစိုးလင္း၊ ႏုိင္မြန္ရာဇာ၊ ႏုိင္တလညီ၊ ႏိုင္ေအာင္ဘ(နာဲအံက္သာ)၊ ႏုိင္ေဝ၊ ႏုိင္ေစာနန္တို႔သည္ ပါတီကေန စြန္႔ခြာထားၿပီးသားျဖစ္သည့္အျပင္ မိမိအေနျဖင့္လည္း မိခင္ပါတီကေန ႏႈတ္ထြက္ထားၿပီးသားျဖစ္ေၾကာင္း ေဒါက္တာ ေအာင္ႏုိင္ဦးက ေျပာၾကားသည္။

“မြန္တို႔ရဲ႕ ကံၾကမၼာဟာ ဒီမြန္ႏုိင္ငံေရးႏွစ္ပါတီထဲမွာတင္ လမ္းေပ်ာက္ေနတာ မျဖစ္ေစေတာ့ဘူး”ဟု ၎က ေျပာသည္။

ေဒါက္တာ ေအာင္ႏုိင္ဦးသည္ ဇြန္လ ၃၀ ရက္ေန႔က ပါတီဗဟိုထံ ႏႈတ္ထြက္စာတင္ထားခဲ့ေသာ္လည္း ယင္းႏႈတ္ထြက္စာႏွင့္ပတ္သက္ၿပီး ၿမိဳ႕နယ္႐ွိပါတီ႐ုံကုိ ပို႔ေပးထားျခင္းမ႐ွိေသးသည့္အတြက္ ႐ုံသေဘာအရ လုပ္ထုံးလုပ္နည္း ႏွင့္ လြဲေနေသာေၾကာင့္ ၿမိဳ႕နယ္ပါတီ႐ုံးမွ ျပန္လည္ပို႔ေပးၿပီးမွသာ အတည္ျပဳေပးသြားမည္ ျဖစ္ေၾကာင္း မြန္ေဒသလုံးဆို္င္ရာ ဒီမိုကေရစီပါတီ တြဲဖက္အတြင္းေရးမွဴး ႏုိင္စံတင္က ဆိုသည္။

“ႏႈတ္ထြက္စာထဲမွာ သူေရးထားတဲ့အဓိပၸာယ္က ႏႈတ္ထြက္တာပဲ။ ဒါေပမယ့္ သူေရးထားတာက ပါတီတာဝန္အားလုံးကို သူ႔ဆႏၵအေလွ်ာက္ အနားယူလုိက္တာေပါ့။ ကြၽန္ေတာ္တို႔ CEC ကလည္း သူ႔သေဘာနဲ႔ သူအနားယူတယ္ဆိုေတာ့ ဘာမွ ေျပာစရာမ႐ွိဘူး”ဟု ၎က ေျပာည္။ 

ေဒါက္တာ ေအာင္ႏုိင္ဦးသည္ ၂၀၁၀ ႏွင့္ ၂၀၁၅ ခုႏွစ္တြင္ ေခ်ာင္းဆုံၿမိဳ႕နယ္တြင္ မြန္ေဒသလုံးဆုိင္ရာ ဒီမိုကေရစီပါတီကိုယ္စားျပဳအျဖစ္ ႏွစ္ႀကိမ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ႏွစ္ႀကိမ္တုိင္တုိင္ အႏုိင္ရ႐ွိခဲ့ၿပီး လက္႐ွိအခ်ိန္တြင္ မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠ႒ အျဖစ္တာဝန္ထမ္းေဆာင္ေနသည္။

ေရႊ႐ိုး

Unicode

မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ပါတီမှ နှုတ်ထွက်
================
မော်လမြိုင်၊ ဇူလိုင် ၂၄

မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ နှုတ်ထွက်ထားပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၂ ရက်က မော်လမြိုင်မြို့၊ ဓာတုမာလ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည့် (၄) ကြိမ်မြောက် မွန်အမျိုးသားစည်းလုံးညီညွတ်ရေး အကျိုးဆောင်အဖွဲ့၏ တိုးချဲ့အစည်းအဝေးတွင် ၎င်းက တရားဝင်​ပြောကြားခဲ့သည်။

လက်ရှိ မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေးကိုလိုလားသော နိုင်ငံရေးအစုအဖွဲ့တွင် ဒေါက်တာ မင်းစိုးလင်း၊ နိုင်မွန်ရာဇာ၊ နိုင်တလညီ၊ နိုင်အောင်ဘ(နာဲအံက်သာ)၊ နိုင်ဝေ၊ နိုင်စောနန်တို့သည် ပါတီကနေ စွန့်ခွာထားပြီးသားဖြစ်သည့်အပြင် မိမိအနေဖြင့်လည်း မိခင်ပါတီကနေ နှုတ်ထွက်ထားပြီးသားဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။

“မွန်တို့ရဲ့ ကံကြမ္မာဟာ ဒီမွန်နိုင်ငံရေးနှစ်ပါတီထဲမှာတင် လမ်းပျောက်နေတာ မဖြစ်စေတော့ဘူး”ဟု ၎င်းက ပြောသည်။

ဒေါက်တာ အောင်နိုင်ဦးသည် ဇွန်လ ၃၀ ရက်နေ့က ပါတီဗဟိုထံ နှုတ်ထွက်စာတင်ထားခဲ့သော်လည်း ယင်းနှုတ်ထွက်စာနှင့်ပတ်သက်ပြီး မြို့နယ်ရှိပါတီရုံကို ပို့ပေးထားခြင်းမရှိသေးသည့်အတွက် ရုံသဘောအရ လုပ်ထုံးလုပ်နည်း နှင့် လွဲနေသောကြောင့် မြို့နယ်ပါတီရုံးမှ ပြန်လည်ပို့ပေးပြီးမှသာ အတည်ပြုပေးသွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆို်င်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ဆိုသည်။

“နှုတ်ထွက်စာထဲမှာ သူရေးထားတဲ့အဓိပ္ပာယ်က နှုတ်ထွက်တာပဲ။ ဒါပေမယ့် သူရေးထားတာက ပါတီတာဝန်အားလုံးကို သူ့ဆန္ဒအလျှောက် အနားယူလိုက်တာပေါ့။ ကျွန်တော်တို့ CEC ကလည်း သူ့သဘောနဲ့ သူအနားယူတယ်ဆိုတော့ ဘာမှ ပြောစရာမရှိဘူး”ဟု ၎င်းက ပြောည်။ 

ဒေါက်တာ အောင်နိုင်ဦးသည် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တွင် ချောင်းဆုံမြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြုအဖြစ် နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်နေသည်။

ရွှေရိုး

No comments