=========================
~~~~~~~~~~~~~
ရွှေရိုး
Unicode
မွန်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်ဆောင်အချို့ ထုတ်ပယ်ခံရ
=========================
မော်လမြိုင်၊ ဇူလိုင် ၁၈
~~~~~~~~~~~~~
မွန်အမျိုးသားပါတီ(MNP)မှ ဗဟိုအလုပ်အမှုဆောင်နှစ်ဦးနှင့် ဗဟိုကော်မတီဝင်လေးဦးတို့ကို ဇူလိုင်လ ၁၅ ရက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း မွန်အမျိုးသားပါတီ(MNP) တွဲဖက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က ပြောကြားသည်။
ထုတ်ပယ်ခံရသည့် ဗဟိုကော်မတီဝင်များသည် ပါတီကို တစ်နှစ်ကျော်ကြာ ဆက်သွယ်ပြုလုပ်ခြင်း မရှိသည့်အတွက် ပါတီစည်းကမ်းချက်အရ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပါတီမှ ထုတ်ပယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်နှစ်ဦးတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့် ဒေါက်တာမင်းစိုးလင်းနှင့် နိုင်သောင်းရှိန်၊ ဗဟိုကော်မတီဝင်လေးဦးတွင် နိုင်Mချမ်းမွန်၊ နိုင်ဝင်းတင်၊ နိုင်ငွေ(သံဖြူဇရပ်)၊ မိမိုးမိုးအေးတို့ ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။
ရွှေရိုး
Post a Comment