Header Ads

ဘီးလင္းၿမိဳ႕ရွိ ငါးပိရည္က်ိဳအခ်ိဳ႕၌ ထ႐ိုင္ကလိုတိုေဖာင္းပုိးသတ္ေဆးသံုးထားသည္ကို ေတြ႕ရွိရ

ဘီးလင္းၿမိဳ႕ရွိ ငါးပိရည္က်ိဳအခ်ိဳ႕၌ ထ႐ိုင္ကလိုတိုေဖာင္းပုိးသတ္ေဆးသံုးထားသည္ကို ေတြ႕ရွိရ
===============================================================================================
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕တြင္ ငါးပိရည္က်ိဳအခ်ိဳ႕၌ ထ႐ိုင္ကလို႐ိုေဖာင္းပိုးသတ္ေဆးတစ္မ်ိဳးသံုးသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာႏုိင္ငံ စားသံုးသူမ်ား ကာကြယ္ေရးအသင္းဥကၠ႒ ဦးဗအုပ္ခိုင္က ဇူလိုင္ ၁ ရက္တြင္ ေျပာသည္။

“တ႐ုတ္ဘက္က ၀င္လာတဲ့ ေဆးရည္၊ မႏၲေလး မူဆယ္ဘက္က လာတယ္လို႔ သိရတယ္။ ငါးပိရည္က်ိဳထဲမွာ ေလာက္မတက္ေအာင္သံုးတယ္လို႔ ကၽြန္ေတာ္တို႔ ဘီးလင္း႐ံုးခြဲကေန လွမ္းအေၾကာင္းၾကားထားတယ္” ဟု ၄င္းက ဆိုသည္။

အဆိုပါ ငါးပိရည္က်ိဳအခ်ိဳ႕၌ ေလာက္မတက္ေအာင္သံုးေသာ ထ႐ိုင္ကလုိတိုေဖာင္း ပုိးသတ္ေဆးသည္ ေစ်းႀကီးမ်ားတြင္ သံုးသျဖင့္ လက္လီဆုိင္မ်ားတြင္ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း ဦးဗအုပ္ခိုင္က ေျပာသည္။

လက္ရွိ အေျခခံပညာေက်ာင္းအခ်ိဳ႕တြင္ ေရာင္းခ်ေသာ သာကူ၊ အုန္းႏို႔အခ်ိဳ႕တြင္ အုန္းသီးအနည္းငယ္သာ အသံုးျပဳ၍ ကယ္မီကယ္ေပါင္ဒါကို အသံုးျပဳေနေၾကာင္း စားသံုးသူမ်ားကာကြယ္ေရးအသင္းမွ သိရသည္။

လက္ရွိေစ်းမ်ားတြင္ ျမန္မာႏုိင္ငံအစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနက လိုက္လံ စစ္ေဆးေနလ်က္ရွိၿပီး ဆိုးေဆးသံုးေနေသာ ကုန္ပစၥည္းမ်ားကို တားျမစ္ျခင္း၊ သိမ္းယူျခင္းတို႔ ျပဳလုပ္လ်က္ ရွိသည္။

မင္းသီဟန္

Tomorrow

(Unicode)

ဘီးလင်းမြို့ရှိ ငါးပိရည်ကျိုအချို့၌ ထရိုင်ကလိုတိုဖောင်းပိုးသတ်ဆေးသုံးထားသည်ကို တွေ့ရှိရ
===============================================================================================
မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ငါးပိရည်ကျိုအချို့၌ ထရိုင်ကလိုရိုဖောင်းပိုးသတ်ဆေးတစ်မျိုးသုံးသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဇူလိုင် ၁ ရက်တွင် ပြောသည်။

“တရုတ်ဘက်က ၀င်လာတဲ့ ဆေးရည်၊ မန္တလေး မူဆယ်ဘက်က လာတယ်လို့ သိရတယ်။ ငါးပိရည်ကျိုထဲမှာ လောက်မတက်အောင်သုံးတယ်လို့ ကျွန်တော်တို့ ဘီးလင်းရုံးခွဲကနေ လှမ်းအကြောင်းကြားထားတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ ငါးပိရည်ကျိုအချို့၌ လောက်မတက်အောင်သုံးသော ထရိုင်ကလိုတိုဖောင်း ပိုးသတ်ဆေးသည် ဈေးကြီးများတွင် သုံးသဖြင့် လက်လီဆိုင်များတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

လက်ရှိ အခြေခံပညာကျောင်းအချို့တွင် ရောင်းချသော သာကူ၊ အုန်းနို့အချို့တွင် အုန်းသီးအနည်းငယ်သာ အသုံးပြု၍ ကယ်မီကယ်ပေါင်ဒါကို အသုံးပြုနေကြောင်း စားသုံးသူများကာကွယ်ရေးအသင်းမှ သိရသည်။

လက်ရှိဈေးများတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လိုက်လံ စစ်ဆေးနေလျက်ရှိပြီး ဆိုးဆေးသုံးနေသော ကုန်ပစ္စည်းများကို တားမြစ်ခြင်း၊ သိမ်းယူခြင်းတို့ ပြုလုပ်လျက် ရှိသည်။

မင်းသီဟန်

Tomorrow

No comments