မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းသည် ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌
ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးသို့ တက်ရောက်၍ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လစဉ်ပုံမှန်အစည်းအဝေးသို့ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယပါတ်ီကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ ၊မြို့နယ်(၁၀)မြို့နယ်မှ ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ဗဟိုပါတီ၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းကာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ မြို့နယ်များ၏လုပ်ငန်းဆောင်ရွက်မှု လိုအပ်ချက်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေးခဲ့ပြီး ရေးရာအလိုက်ပြည်နယ်ပါတီ ကော်မတီဝင်များမှ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများညှိနှိုင်းကာ ခရိုင်/မြို့နယ်အလိုက် ဥက္ကဌများမှ လုပ်ငန်းဆောင်ရွက် ချက်များတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဥက္ကဌမှ လိုအပ်ချက်များနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စများအား ပြန်လည်ရှင်းလင်းကာ အစည်းအဝေးကို မွန်းလွဲ (၂ )နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။

Post a Comment