ေရြးကာက္ပြဲရလ္ကန္႔ကြက္သည့္ ကိုယ္စားလွယ္မ်ား ရံႈးနိမ့္
ၿပီးခဲ့တဲ့ ဧၿပီ ၁ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ရန္ကုန္တုိင္းေဒသႀကီး အတြင္းက အႏုိင္ရတဲ့ အန္အယ္လ္ဒီပါတီလႊတ္ေတာ္ကိုယ္စားလွယ္ ၃ ဦးကုိ ၾကံ့ခိုင္ေရးပါတီကုိယ္စား လွယ္ေလာင္းေတြက ကန္႔ကြက္ရာမွာ ႐ႈံးနိမ့္သြားပါတယ္။
ရန္ကုန္တိုင္းေဒသႀကီး ေကာ့မႉး၊ လႈိင္သာယာနဲ႔ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕နယ္ေတြက အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (အန္အယ္လ္ဒီ) ကိုယ္စားလွယ္ ၃ ဦးကုိ ႀကံံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေလာင္းေတြက ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံ ဧၿပီတုန္းက ကန္႔ကြက္လႊာ တင္သြင္းခဲ့တာျဖစ္ပါတယ္။
အမႈေတြကေတာ့ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕နယ္က အႏုိင္ရတဲ့ အန္အယ္လ္ဒီအမတ္ ဦးေနေက်ာ္ကုိ ျပည္ခုိင္ၿဖိဳးပါတီက ဦးေနလင္းက ကန္႔ကြက္လႊာတင္သြင္းထားတဲ့အမႈ၊ လႈိင္သာယာမွာအႏုိင္ရတဲ့ ဦး၀င္းမင္းကုိ ဦးတင္ယုက ကန္႔ကြက္တဲ့အမႈနဲ႔ ေကာ့မႉးမဲဆႏၵနယ္က အႏုိင္ရတဲ့ ဦးေက်ာ္ေဆြ၀င္းကုိ ဦးေက်ာ္ဇင္ဟိန္းက ကန္႔ကြက္တဲ့အမႈေတြကုိ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဒီကန္႔ကြက္မႈနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ေရြးေကာက္ပြဲ ခံုအဖြဲ႔က စစ္ေဆးၿပီး ဒီကေန႔ ပယ္ခ်ေၾကာင္း ဆံုးျဖတ္လိုက္တာလို႔ ေကာ္မရွင္ ခုံ႐ုံးအဖြဲ႔ ညႊန္ၾကားေရးမႉး ဦးစုိင္းေက်ာ္သူက ေျပာပါတယ္။
“ဥပေဒအရ ျငင္းခ်က္ကုိ ပယ္လုိက္တဲ့ သေဘာပါပဲ။ ရန္ကုန္ ၃မႈေပါ့။ အန္အယ္လ္ဒီ ကို ျပည္ခုိင္ၿဖိဳးက ေလွ်ာက္ထားတဲ့ အခ်က္ေပါ့။ သူတုိ႔ ၃ မႈကလည္း သေဘာသဘာ၀က ဆင္တူေနတာေလ။ အေၾကာင္းအရာလည္း တူေနတဲ့အခါက်ေတာ့ ဒီေန႔ တခါတည္း ဆုံးျဖတ္ေပးလုိက္တာေပါ့။”
ဧၿပီလ ၾကားျဖတ္ေရြးေကာက္မွာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဆီ ကန္႔ကြက္လႊာ တင္သြင္းမႈ ၆ မႈ ရွိၿပီး ၅ မႈမွာ ျပည္ခုိင္ၿဖိဳးပါတီက အန္အယ္လ္ဒီပါတီကုိ ကန္႔ကြက္လႊာတင္သြင္းတာျဖစ္ပါတယ္။
က်န္တဲ့ ၁ မႈကေတာ့ အျပန္အလွန္ကန္႔ကြက္ၾကတာျဖစ္ၿပီး အဲဒီအမႈကုိေတာ့ လာမယ့္ လဆန္းမွာ ေတာင္ႀကီးၿမိဳ႕ကုိ သြားေရာက္ၿပီး ႐ုံးထုိင္စစ္ေဆးမယ္လုိ႔လည္း ဦးစုိင္းေက်ာ္သူက ေျပာပါတယ္။
“အျပန္အလွန္ ကန္႔ကြက္တာ အမႈ နံပါတ္ ၄ တခုပဲရွိတယ္။ ၅ နဲ႔ ၆ ကလည္း ျပည္ခုိင္ၿဖိဳးက အန္အယ္လ္ဒီကုိ ကန္႔ကြက္တာခ်ည္းပဲ။ ၄ က က်ေန္ာတုိ႔လာမယ့္ လဆန္းမွာ က်ေနာ္တုိ႔ ေတာင္ႀကီးမွာ သြားၿပီးေတာ့ ႐ုံးထုိင္စစ္ေဆးမွာပါ။ ၄ နဲ႔ ၅ ကုိေလ။ က်ဳိင္းတုံနဲ႔ ေညာင္ေရႊ အမႈ ကိစၥ ႏွစ္ခုကုိ နည္းဥပေဒ ၉၅ အရ သက္ဆုိင္ရာ သက္ေသေတြ ဘာေတြလာဖုိ႔ လြယ္ကူေအာင္၊ အမႈျမန္ေအာင္ ေတာင္ႀကီးမွာ ၄ နဲ႔ ၅ ကုိ ဒီလဆန္းမွာ သြားစစ္မွာပါ။”
ေနာက္ဆုံးအမႈျဖစ္တဲ့ မုံရြာက ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ အမႈနဲ႔ပတ္သက္ၿပီးေတာ့ လည္း လာမယ့္ ၄ ရက္ေန႔က်မွ ေလွ်ာက္ထားသူကုိ စတင္စစ္ေဆးဖို႔ရွိေနပါတယ္။
၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပြဲကို လစ္လပ္မဲဆႏၵနယ္ ၁၉ ေနရာအတြက္ ကိုယ္စားလွယ္ေလာင္းေပါင္း ၉၄ ေယာက္ ယွဥ္ၿပိဳင္ခဲ့ရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၉ ေနရာ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ က ၆ ေနရာ၊ ျပည္ခိုင္ၿဖိဳးပါတီက ၂ ေနရာ၊ ရခိုင္အမ်ိဳးသားပါတီနဲ႔ လူမ်ိဳးေပါင္းစံု ဒီမိုကေရစီပါတီ ကယားျပည္နယ္က ၁ ေနရာစီ အႏိုင္ရခဲ့တာပါ။
ဓာတ္ပံု-UEC
Unicode
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းက အနိုင်ရတဲ့ အန်အယ်လ်ဒီပါတီလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ကြံ့ခိုင်ရေးပါတီကိုယ်စား လှယ်လောင်းတွေက ကန့်ကွက်ရာမှာ ရှုံးနိမ့်သွားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေက အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ် ၃ ဦးကို ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဧပြီတုန်းက ကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
အမှုတွေကတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်က အနိုင်ရတဲ့ အန်အယ်လ်ဒီအမတ် ဦးနေကျော်ကို ပြည်ခိုင်ဖြိုးပါတီက ဦးနေလင်းက ကန့်ကွက်လွှာတင်သွင်းထားတဲ့အမှု၊ လှိုင်သာယာမှာအနိုင်ရတဲ့ ဦး၀င်းမင်းကို ဦးတင်ယုက ကန့်ကွက်တဲ့အမှုနဲ့ ကော့မှူးမဲဆန္ဒနယ်က အနိုင်ရတဲ့ ဦးကျော်ဆွေ၀င်းကို ဦးကျော်ဇင်ဟိန်းက ကန့်ကွက်တဲ့အမှုတွေကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီကန့်ကွက်မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ခုံအဖွဲ့က စစ်ဆေးပြီး ဒီကနေ့ ပယ်ချကြောင်း ဆုံးဖြတ်လိုက်တာလို့ ကော်မရှင် ခုံရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောပါတယ်။
“ဥပဒေအရ ငြင်းချက်ကို ပယ်လိုက်တဲ့ သဘောပါပဲ။ ရန်ကုန် ၃မှုပေါ့။ အန်အယ်လ်ဒီ ကို ပြည်ခိုင်ဖြိုးက လျှောက်ထားတဲ့ အချက်ပေါ့။ သူတို့ ၃ မှုကလည်း သဘောသဘာ၀က ဆင်တူနေတာလေ။ အကြောင်းအရာလည်း တူနေတဲ့အခါကျတော့ ဒီနေ့ တခါတည်း ဆုံးဖြတ်ပေးလိုက်တာပေါ့။”
ဧပြီလ ကြားဖြတ်ရွေးကောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်လွှာ တင်သွင်းမှု ၆ မှု ရှိပြီး ၅ မှုမှာ ပြည်ခိုင်ဖြိုးပါတီက အန်အယ်လ်ဒီပါတီကို ကန့်ကွက်လွှာတင်သွင်းတာဖြစ်ပါတယ်။
ကျန်တဲ့ ၁ မှုကတော့ အပြန်အလှန်ကန့်ကွက်ကြတာဖြစ်ပြီး အဲဒီအမှုကိုတော့ လာမယ့် လဆန်းမှာ တောင်ကြီးမြို့ကို သွားရောက်ပြီး ရုံးထိုင်စစ်ဆေးမယ်လို့လည်း ဦးစိုင်းကျော်သူက ပြောပါတယ်။
“အပြန်အလှန် ကန့်ကွက်တာ အမှု နံပါတ် ၄ တခုပဲရှိတယ်။ ၅ နဲ့ ၆ ကလည်း ပြည်ခိုင်ဖြိုးက အန်အယ်လ်ဒီကို ကန့်ကွက်တာချည်းပဲ။ ၄ က ကျနေ်ာတို့လာမယ့် လဆန်းမှာ ကျနော်တို့ တောင်ကြီးမှာ သွားပြီးတော့ ရုံးထိုင်စစ်ဆေးမှာပါ။ ၄ နဲ့ ၅ ကိုလေ။ ကျိုင်းတုံနဲ့ ညောင်ရွှေ အမှု ကိစ္စ နှစ်ခုကို နည်းဥပဒေ ၉၅ အရ သက်ဆိုင်ရာ သက်သေတွေ ဘာတွေလာဖို့ လွယ်ကူအောင်၊ အမှုမြန်အောင် တောင်ကြီးမှာ ၄ နဲ့ ၅ ကို ဒီလဆန်းမှာ သွားစစ်မှာပါ။”
နောက်ဆုံးအမှုဖြစ်တဲ့ မုံရွာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမှုနဲ့ပတ်သက်ပြီးတော့ လည်း လာမယ့် ၄ ရက်နေ့ကျမှ လျှောက်ထားသူကို စတင်စစ်ဆေးဖို့ရှိနေပါတယ်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကိုယ်စားလှယ်လောင်းပေါင်း ၉၄ ယောက် ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ၆ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ကယားပြည်နယ်က ၁ နေရာစီ အနိုင်ရခဲ့တာပါ။
ဓာတ်ပုံ-UEC
Post a Comment