Header Ads
========================
ပေါင်၊ ဇူလိုင်၊ ၁၇
**************
ထို့နောက် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော အထက်တန်းအဆင့် ပထမဆုကို မဝေေ၀သူ အ.ထ.က-ရင်းငြိမ်၊ ဒုတိယဆုကို မအိမေဇွန် အ.ထ.က-အလှပ်၊ တတိယဆုကို မအိမ်သူသက်ထားဆွေ အ.ထ.က-ခွဲ ကော့ကရင် တို့လည်းကောင်း၊ အလယ်တန်းအဆင့် ပထမဆုကို မခိုင်နှင်းဝေ အ.ထ.က-အလှပ်၊ ဒုတိယဆုကို မခွါညိုဇော် အ.ထ.က-နတ်ကြီးချောင်း၊ တတိယဆုကို မသဉ္ဇာလင်းထက် အ.ထ.က-ပေါင်တို့လည်းကောင်း၊ မူလတန်းအဆင့် ပထမဆုကို မကေဇင်သော် အ.မ.က-ကဒါမင်းတန်း၊ ဒုတိယဆုကို မခန့်ခန့်မိုးသွင် အ.မ.က-ဂွေးပင်ချောင်၊ တတိယဆုကို မောင်လင်းကောင်းခန့် အ.လ.က-မှော်ဘီ တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)
Unicode
နှစ်(၇၀)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ပေါင်မြို့၌ ကျင်းပ
========================
ပေါင်၊ ဇူလိုင်၊ ၁၇
**************
ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ကိုကြိုဆိုသည့်အနေဖြင့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်၁၇ရက်နေ့ နံနက်၁၀နာရီခွဲအချိန်က ပေါင်မြို့နယ် အ.ထ.က-ပေါင်ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုူး ဦးဇော်မိုးအောင်က  အဖွင့်အမှာစကားပြော ကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်စိုးစိုးအေးက “ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကိုယ့်နိုင်ငံ အတွက် လွတ်လပ်ရေးရအောင် ဘယ်လိုကြိုးပမ်း ခဲ့တာတွေ၊ အာဇာနည်နေ့ရောက်ရင် တစ်နိုင်ငံလုံး ဘာတွေလုပ်လည်း ဆိုတာကို မသိဘူးဖြစ်နေတယ်။သူတို့တတွေနောင်တချိန်ကျရင် နိုင်ငံသားကောင်း ရတနာလေးတွေ ဖြစ်လာမယ့်လူတွေလေ ကိုယ့်နိုင်ငံကအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ် မျိုးကို မွေးမြူးတတ်အောင် အတုယူတတ် အောင်လို့ အသိပညာဟောပြောပွဲတွေလုပ်ပေးပါတယ်” ဟု ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော အထက်တန်းအဆင့် ပထမဆုကို မေ၀ေ၀သူ အ.ထ.က-ရင်းငြိမ်၊ ဒုတိယဆုကို မအိမေဇွန် အ.ထ.က-အလှပ်၊ တတိယဆုကို မအိမ်သူသက်ထားဆွေ အ.ထ.က-ခွဲ ကော့ကရင် တို့လည်းကောင်း၊ အလယ်တန်းအဆင့် ပထမဆုကို မခိုင်နှင်းေ၀ အ.ထ.က-အလှပ်၊ ဒုတိယဆုကို မခွါညိုဇော် အ.ထ.က-နတ်ကြီးချောင်း၊ တတိယဆုကို မသဉ္ဇာလင်းထက် အ.ထ.က-ပေါင်တို့လည်းကောင်း၊ မူလတန်းအဆင့် ပထမဆုကို မကေဇင်သော် အ.မ.က-ကဒါမင်းတန်း၊ ဒုတိယဆုကို မခန့်ခန့်မိုးသွင် အ.မ.က-ဂွေးပင်ချောင်၊ တတိယဆုကို မောင်လင်းကောင်းခန့် အ.လ.က-မှော်ဘီ တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာ၀န်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)
No comments