ၾကားခံအဖဲြ႕အစည္း မလိုဘဲ မြန္ ၂ ပါတီ တိုက္ရိုက္ေတြ႕ဆုံေဆြးေႏြးမည္
ၾကားခံအဖဲြ႕အစည္း မလိုဘဲ မြန္ ၂ ပါတီ တိုက္ရိုက္ေတြ႕ဆုံေဆြးေႏြးမည္
--------------
မြန္ေဒသလုံးဆိုင္ရာဒီမိုကေရစီပါတီ AMDP ႏွင့္ မြန္အမ်ိဳးသာပါတီ MNP တို႔မွ ကိုယ္စားလွယ္တို႔သည္ ၾကားခံအဖြဲ႕အစည္း မလိုဘဲ တိုက္ရိုက္ေတြ႕ဆုံေဆြးေႏြးၾကမည္ဟု AMDP ပါတီ အေထြေထြအတြင္းေရးမႉး ေဒါက္တာမင္းႏြယ္စိုးက ေျပာသည္။
“အရင္က က်ေနာ္မူခ်ထားတာ က်ေနာ္တို႔ တိုက္ရိုက္ ေျပာဆိုၾကမယ္။ ဟိုဖက္ကလည္း တိုက္ရိုက္ေဆြးေႏြးၾကဖို႔ ဆက္သြယ္လာတယ္။ ေတြ႕ဆုံၾကမယ္၊ က်ေနာ္တို႔လက္ခံထားတာလည္း ေတြ႕ဆုံၾကမယ္။ ပထမအႀကိမ္ ေတြ႕ဆုံၾကတဲ့အခါမွာ ပါတီပူးေပါင္းဖို႔ က်ေနာ္တို႔ေဆြးေႏြးမွာမဟုတ္ေသးဘူး။ ဒါေပမယ့္ ယုံၾကည္မႈတည္ေဆာက္ၾကရမယ္၊ အဲဒီပုံစံနဲ႕သြားရမယ္” ဟု ေဒါက္တာမင္းႏြဲစိုးက ဆိုသည္။
AMDP ပါတီမွ နိုင္ေမာင္ေမာင္(ေရွ႕ေန) ဦးေဆာင္၍ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ နိုင္စံတင္ ႏွင့္ နိုင္သန္းေ႐ႊတို႔ကို တိုက္ရိုက္ေတြ႕ဆုံေဆြးေႏြးရန္ တာဝန္ေပးထားသည္ဟု သိရသည္။
အလားတူ မြန္အမ်ိဳးသားပါတီ MNP ကလည္း အဖြဲ႕ေခါင္းေဆာင္ နိုင္ခ်စ္ဦး(ကရင္ျပည္နယ္၊ မြန္တိုင္းရင္းသားေရးရာဝန္ႀကီးေဟာင္း) ႏွင့္ နိုင္ေထာအိန္(နိုင္ဃိုစိုက္)၊ နိုင္မာန္ဂေကာင္း(နိုင္ျမင့္လြင္) တို႔ ၃ ဦးအား ေ႐ြးခ်ယ္တာဝန္ေပးထားသည္ဟု ပါတီအေထြေထြအတြင္းေရးမႉး နိုင္လယီတမက ဆိုသည္။
နိုင္လယီတမက “ဆိုလိုတာက ညွိႏွိုင္းေရးအဖြဲ႕က ညွိႏွိုင္းေရးလုပ္ငန္း ရပ္ဆိုင္းထားတယ္၊ ညွိႏွိုင္းေပးတဲ့ ၾကားခံေတြမပါဝင္ေတာ့ဘဲ ပါတီအခ်င္းခ်င္း တိုက္ရိုက္ေတြ႕ဆုံေဆြးေႏြးၾကမယ္” ဟု ဆိုသည္။
သို႔ရာတြင္ မြန္ပါတီႏွစ္ဖက္ကိုယ္စားလွယ္မ်ား မည္သည့္ေန႕ရက္တြင္ေတြ႕ဆုံမည့္ကို ေခါင္းေဆာင္မ်ား ထုတ္ေဖၚေျပာၾကားျခင္း မရွိေသးေပ။
လက္ရွိတြင္ မြန္အမ်ိဳးသားပါတီ၊ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီ ႏွင့္ အမ်ိဳးသမီးပါတီ (မြန္) တို႔ တရားဝင္တည္ရွိေနၿပီးျဖစ္သည္။ အဆိုပါမြန္ပါတီမ်ားေပါင္းစည္းနိုင္ျခင္းမရွိဟုဆိုကာ ၾကားအင္အားစုတစ္ခုက မြန္ပါတီသစ္ထူေထာင္ရန္ ႀကိဳးပမ္းေနသည္ကို သိရသည္။
မြန္သတင္းေအဂ်င္စီ
ေရးသားသူ: မင္းသစၥာခိုင္
Unicode
ကြားခံအဖွဲ့အစည်း မလိုဘဲ မွန် ၂ ပါတီ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည်
--------------
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသာပါတီ MNP တို့မှ ကိုယ်စားလှယ်တို့သည် ကြားခံအဖွဲ့အစည်း မလိုဘဲ တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြမည်ဟု AMDP ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
“အရင်က ကျနော်မူချထားတာ ကျနော်တို့ တိုက်ရိုက် ပြောဆိုကြမယ်။ ဟိုဖက်ကလည်း တိုက်ရိုက်ဆွေးနွေးကြဖို့ ဆက်သွယ်လာတယ်။ တွေ့ဆုံကြမယ်၊ ကျနော်တို့လက်ခံထားတာလည်း တွေ့ဆုံကြမယ်။ ပထမအကြိမ် တွေ့ဆုံကြတဲ့အခါမှာ ပါတီပူးပေါင်းဖို့ ကျနော်တို့ဆွေးနွေးမှာမဟုတ်သေးဘူး။ ဒါပေမယ့် ယုံကြည်မှုတည်ဆောက်ကြရမယ်၊ အဲဒီပုံစံနဲ့သွားရမယ်” ဟု ဒေါက်တာမင်းနွဲစိုးက ဆိုသည်။
AMDP ပါတီမှ နိုင်မောင်မောင်(ရှေ့နေ) ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စံတင် နှင့် နိုင်သန်းရွှေတို့ကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် တာဝန်ပေးထားသည်ဟု သိရသည်။
အလားတူ မွန်အမျိုးသားပါတီ MNP ကလည်း အဖွဲ့ခေါင်းဆောင် နိုင်ချစ်ဦး(ကရင်ပြည်နယ်၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း) နှင့် နိုင်ထောအိန်(နိုင်ဃိုစိုက်)၊ နိုင်မာန်ဂကောင်း(နိုင်မြင့်လွင်) တို့ ၃ ဦးအား ရွေးချယ်တာဝန်ပေးထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီတမက ဆိုသည်။
နိုင်လယီတမက “ဆိုလိုတာက ညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းရေးလုပ်ငန်း ရပ်ဆိုင်းထားတယ်၊ ညှိနှိုင်းပေးတဲ့ ကြားခံတွေမပါဝင်တော့ဘဲ ပါတီအချင်းချင်း တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြမယ်” ဟု ဆိုသည်။
သို့ရာတွင် မွန်ပါတီနှစ်ဖက်ကိုယ်စားလှယ်များ မည်သည့်နေ့ရက်တွင်တွေ့ဆုံမည့်ကို ခေါင်းဆောင်များ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။
လက်ရှိတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် အမျိုးသမီးပါတီ (မွန်) တို့ တရားဝင်တည်ရှိနေပြီးဖြစ်သည်။ အဆိုပါမွန်ပါတီများပေါင်းစည်းနိုင်ခြင်းမရှိဟုဆိုကာ ကြားအင်အားစုတစ်ခုက မွန်ပါတီသစ်ထူထောင်ရန် ကြိုးပမ်းနေသည်ကို သိရသည်။
မွန်သတင်းအေဂျင်စီ
ရေးသားသူ: မင်းသစ္စာခိုင်
Post a Comment