မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးအပ်၊ ကျိုက်ကမော့ စေတီတော်နှစ်ဆူတို့အား ရွှေထီးတော် တင်လှူပူဇော်ပွဲပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက်ဒေးအပ်၊ ကျိုက်ကမော့ စေတီတော် နှစ်ဆူတို့အား ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် များ၌ပြုလုပ်ရာ ချောင်းဆုံမြို့၊ တာဝတိံသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသံဝရအမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တာဝတိံသာကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး စေတီတော်နှစ်ဆူတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီးနောက် စေတီတော်အား လက်ယာရစ်လှည့် လည်ပူဇော်ကြည်ညို ကြကာ စေတီတော်ဘုံအဆင့်ဆင့် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား စေတီတော်နှစ်ဆူတွင် တင် လှူပူဇော်ကြသည်။
ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Post a Comment