Header Ads

က်ဳိက္ထိုၿမိဳ႕နယ္အတြင္း ေရႀကီးမႈေၾကာင့္ လူဦးေရ ၄ဝဝဝ ေက်ာ္ကို ကယ္ဆယ္ေရးစခန္းဖြင့္ေပးထား

က်ဳိက္ထိုၿမိဳ႕နယ္အတြင္း ေရႀကီးမႈေၾကာင့္
လူဦးေရ ၄ဝဝဝ ေက်ာ္ကို ကယ္ဆယ္ေရးစခန္းဖြင့္ေပးထား
=================================================
သုခ
ရန္ကုန္ ဇူလိုင္ ၂၃
=============
မြန္ျပည္နယ္ က်ဳိက္ထိုၿမိဳ႕နယ္ တြင္ မိုးသည္းထန္စြာရြာသြန္းၿပီး ေတာင္က်ေရမ်ားက်ဆင္းလာမႈ ေၾကာင့္ ေရႀကီးမႈအႏၲရာယ္ျဖစ္ေပၚ လ်က္ရွိရာ လူဦးေရ ၄ဝဝဝ ေက်ာ္ ကိုကယ္ဆယ္ေရးစခန္းဖြင့္လွစ္ေပး ထားရၿပီးနယ္ေျမခံတပ္မေတာ္သား မ်ားႏွင့္ဌာနဆိုင္ရာမ်ားက ဝိုင္းဝန္း ကူညီေဆာင္ရြက္ေပးေနေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။
''မေန႔ကေတာ့ ကားလမ္း ေရျမဳပ္ လို႔ပိတ္ေနတာ ဒီေန႔လမ္းပြင့္သြား ပါၿပီ။ ရပ္ကြက္ေတြမွာေတာ့ အိမ္ ေတြျမဳပ္ေနတုန္းပါပဲ''ဟု ¤င္းက ေျပာသည္။
အဆိုပါေရႀကီးမႈသည္ ယခုလ ၂၁ ရက္ နံနက္ပိုင္းက မိုးသည္း  ထန္းစြာ ရြာသြန္းမႈမွစတင္ခဲ့ၿပီး က်ဳိက္ထိုၿမိဳ႕နယ္အတြင္းရွိ ေကာစ ႏိုင္ရပ္ကြက္၊ ေဇယ်ာမြန္ရပ္ကြက္၊ ေဇယ်ာမြန္တိုးခ်ဲ႕ရပ္ကြက္၊ ေအးရိပ္ ၿငိမ္ရပ္ကြက္၊ ရွမ္းစုရပ္ကြက္နဲ႔ ေျမာက္ပိုင္းရပ္ကြက္တို႔တြင္ ေရ မ်ားဝင္ေရာက္လာၿပီး ေရႀကီးမႈ အေျခအေနကိုၾကံဳေတြ႕ခဲ့ရေၾကာင္း၊ ေရေဘးဒုကၡသည္ ၄ဝဝဝ ေက်ာ္ ကို ေရေဘးကင္းလြတ္ေသာ ဘုန္း ႀကီးေက်ာင္းႏွင့္စာသင္ေက်ာင္း ေဆာင္မ်ားတြင္ကယ္ဆယ္ေရးစခန္း မ်ားဖြင့္လွစ္၍ ကူညီေစာင့္ေရွာက္မႈ မ်ားေပးခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႕ ေရႀကီးမႈေၾကာင့္ ေမာ္လၿမိဳင္မွ ရန္ကုန္ဘူတာသို႔ အစုန္ခုတ္ေမာင္းလာေသာ အမွတ္ (၃၆) အစုန္ရထားမွာလည္း ယခု လ ၂၁ ရက္က သိမ္ဇရပ္ဘူတာ အနီး မိုင္တိုင္အမွတ္ ၇၇/၁၄ နဲ႔ ၇၇/၂ဝ အၾကား ရထားသံလမ္း ေပၚေရအျမင့္ ႏွစ္ေပခြဲခန္႔ေရာက္ရွိ ေနေသာေၾကာင့္ ရထားအစီအစဥ္ မ်ားယာယီဖ်က္သိမ္းကာ ေရက် ခ်ိန္အထိ ရပ္တန္႔ေစာင့္ဆိုင္းခဲ့ရ ေၾကာင္း သိရသည္။

Unicode

ကျိုက်ထိုမြို့နယ်အတွင်း ရေကြီးမှုကြောင့်
လူဦးရေ ၄ဝဝဝ ကျော်ကို ကယ်ဆယ်ရေးစခန်းဖွင့်ပေးထား
=================================================
သုခ
ရန်ကုန် ဇူလိုင် ၂၃
=============
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကျဆင်းလာမှု ကြောင့် ရေကြီးမှုအန္တရာယ်ဖြစ်ပေါ် လျက်ရှိရာ လူဦးရေ ၄ဝဝဝ ကျော် ကိုကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေး ထားရပြီးနယ်မြေခံတပ်မတော်သား များနှင့်ဌာနဆိုင်ရာများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
''မနေ့ကတော့ ကားလမ်း ရေမြုပ် လို့ပိတ်နေတာ ဒီနေ့လမ်းပွင့်သွား ပါပြီ။ ရပ်ကွက်တွေမှာတော့ အိမ် တွေမြုပ်နေတုန်းပါပဲ''ဟု ¤င်းက ပြောသည်။
အဆိုပါရေကြီးမှုသည် ယခုလ ၂၁ ရက် နံနက်ပိုင်းက မိုးသည်း  ထန်းစွာ ရွာသွန်းမှုမှစတင်ခဲ့ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ကောစ နိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ရပ်ကွက်၊ အေးရိပ် ငြိမ်ရပ်ကွက်၊ ရှမ်းစုရပ်ကွက်နဲ့ မြောက်ပိုင်းရပ်ကွက်တို့တွင် ရေ များဝင်ရောက်လာပြီး ရေကြီးမှု အခြေအနေကိုကြုံတွေ့ခဲ့ရကြောင်း၊ ရေဘေးဒုက္ခသည် ၄ဝဝဝ ကျော် ကို ရေဘေးကင်းလွတ်သော ဘုန်း ကြီးကျောင်းနှင့်စာသင်ကျောင်း ဆောင်များတွင်ကယ်ဆယ်ရေးစခန်း များဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှု များပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ရေကြီးမှုကြောင့် မော်လမြိုင်မှ ရန်ကုန်ဘူတာသို့ အစုန်ခုတ်မောင်းလာသော အမှတ် (၃၆) အစုန်ရထားမှာလည်း ယခု လ ၂၁ ရက်က သိမ်ဇရပ်ဘူတာ အနီး မိုင်တိုင်အမှတ် ၇၇/၁၄ နဲ့ ၇၇/၂ဝ အကြား ရထားသံလမ်း ပေါ်ရေအမြင့် နှစ်ပေခွဲခန့်ရောက်ရှိ နေသောကြောင့် ရထားအစီအစဉ် များယာယီဖျက်သိမ်းကာ ရေကျ ချိန်အထိ ရပ်တန့်စောင့်ဆိုင်းခဲ့ရ ကြောင်း သိရသည်။

No comments