Header Ads

ေမာ္လၿမိဳင္ၿမိဳ႔၌ သားအမိႏွစ္ေယာက္အားသတ္၍ ေရႊထည္ပစၥည္းမ်ားယူေဆာင္သြားသည့္လူသတ္မႈျဖစ္ပြားခ့ဲ

ႏိုင္ႏိုင္(မြန္)
ေမာ္လၿမိဳင္ ဇူလုိင္ ၁၈
မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ ကြၽဲျခံကုန္းရပ္ကြက္ ေမာ္လၿမိဳင္ ဘားအံသြားလမ္းေဘးရိွလယ္ကြင္း ေဘးတြင္ ေဆာက္ထားသည့္အိမ္ တြင္ ယေန႔နံနက္ ၈နာရီခြဲက သား အမိႏွစ္ေယာက္အား လည္ပင္းအား ဓားျဖင့္လွီး ေရႊထည္ပစၥည္းယူသြား သည့္လူသတ္မႈတစ္ခုျဖစ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေမာ္လၿမိဳင္ ဘားအံ သြားကားလမ္းေဘးမုိင္တုိင္အမွတ္ ၅/၅ စည္ပင္ၿမိဳ႕ဝင္ေၾကးေကာက္ခံ ေရးဂိတ္အနီး ေနအိမ္အတြင္းအိပ္ ေပ်ာ္ေနသည့္ သားအမိႏွစ္ဦးအား လည္လွီးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ေနရာတြင္ သမီးျဖစ္သူ မဇင္မာစိုး(ခ)ဆာလာမာ (၁၄ႏွစ္) မွာ လည္ပင္းကိုဓားျဖင့္လွီးခံထား ရသည့္ဒဏ္ရာျဖင့္ ေသဆံုးေနၿပီး မိခင္ျဖစ္သူ ေဒၚဇင္မိသန္း(ခ)ဇြန္ မီလာဗီအသက္ (၅ဝ)မွာ ဓားဒဏ္ ရာမ်ားျဖင့္ လဲေနရာ၎အား ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ံုတြင္ အတြင္း လူနာအျဖစ္ အေရးေပၚတင္ပို႔ထားေၾကာင္း သိရသည္။ ေသဆံုးသူမဇင္မာစိုးဝတ္ဆင္ထား သည့္ ဆြဲႀကိဳး၊ လက္စြပ္၊ လက္ ေကာက္၊ နားကပ္မ်ားခြၽတ္ယူထား သည္ဟု ေဒသခံပတ္ဝန္းက်င္မွသိ ရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၿမိဳင္ သာရာနယ္ေျမရဲစခန္းမွ နံနက္ ၁ဝ နာရီခြဲခန္႕တြင္ (ပ)၁၅၄/၂ဝ၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ (၃ဝ၂/ ၃၂၆) ျဖင့္ အမႈဖြင့္အေရးယူေဆာင္ ရြက္ထားရိွၿပီး တရားခံဖမ္းဆီးႏိုင္ ေရး စစ္ေဆးေဆာင္ရြက္လ်က္ရိွ ေၾကာင္း သိရသည္။
Unicode
---------
မော်လမြိုင်မြို့၌ သားအမိနှစ်ယောက်အားသတ်၍ ရွှေထည်ပစ္စည်းများယူဆောင်သွားသည့်လူသတ်မှုဖြစ်ပွားခဲ့
=================================
နိုင်နိုင်(မွန်)
မော်လမြိုင် ဇူလိုင် ၁၈
================
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက် မော်လမြိုင် ဘားအံသွားလမ်းဘေးရှိလယ်ကွင်း ဘေးတွင် ဆောက်ထားသည့်အိမ် တွင် ယနေ့နံနက် ၈နာရီခွဲက သား အမိနှစ်ယောက်အား လည်ပင်းအား ဓားဖြင့်လှီး ရွှေထည်ပစ္စည်းယူသွား သည့်လူသတ်မှုတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင် ဘားအံ သွားကားလမ်းဘေးမိုင်တိုင်အမှတ် ၅/၅ စည်ပင်မြို့ဝင်ကြေးကောက်ခံ ရေးဂိတ်အနီး နေအိမ်အတွင်းအိပ် ပျော်နေသည့် သားအမိနှစ်ဦးအား လည်လှီးသတ်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာတွင် သမီးဖြစ်သူ မဇင်မာစိုး(ခ)ဆာလာမာ (၁၄နှစ်) မှာ လည်ပင်းကိုဓားဖြင့်လှီးခံထား ရသည့်ဒဏ်ရာဖြင့် သေဆုံးနေပြီး မိခင်ဖြစ်သူ ဒေါ်ဇင်မိသန်း(ခ)ဇွန် မီလာဗီအသက် (၅ဝ)မှာ ဓားဒဏ် ရာများဖြင့် လဲနေရာ ¤င်းအား မော်လမြိုင် ပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် အရေးပေါ် တင်ပို့ထားကြောင်း သိရသည်။ သေဆုံးသူမဇင်မာစိုးဝတ်ဆင်ထား သည့် ဆွဲကြိုး၊ လက်စွပ်၊ လက် ကောက်၊ နားကပ်များချွတ်ယူထား သည်ဟု ဒေသခံပတ်ဝန်းကျင်မှသိ ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိုင် သာရာနယ်မြေရဲစခန်းမှ နံနက် ၁ဝ နာရီခွဲခန့်တွင် (ပ)၁၅၄/၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃ဝ၂/ ၃၂၆) ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိပြီး တရားခံဖမ်းဆီးနိုင် ရေး စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

No comments