Header Ads

ကူညီကယ္ဆယ္ေရးလုပ္ငန္း ေဆာင္ရြက္ေနေသာ တပ္မေတာ္သားမ်ားအား က်ိဳက္ထို ျပည္ခိုင္ၿဖိဳး စားေသာက္ဖြယ္ရာမ်ားလွဴဒါန္း

ကူညီကယ္ဆယ္ေရးလုပ္ငန္း ေဆာင္ရြက္ေနေသာ တပ္မေတာ္သားမ်ားအား က်ိဳက္ထို ျပည္ခိုင္ၿဖိဳး စားေသာက္ဖြယ္ရာမ်ားလွဴဒါန္း
-----------------------------------------------------------
ဇူလိုင္ ၂၂
က်ိဳက္ထို

ဇူလိုင္လ ၂၀ ရက္ေန႔တြင္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ အတြင္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ရပ္ကြက္ ၄ ခုနဲ႔ ေက်းရြာ ၂ ရြာ ေရနစ္ျမဳပ္ခဲ့သျဖင့္ လူဦးေရ ၃ ေထာင္နီးပါးေရးေဘးဒုကၡၾကံဳေတြ႔ ခဲ့ရၿပီး က်ိဳက္ထိုၿမိဳ႕ အနိမ့္ပိုင္းရပ္ကြက္မ်ားျဖစ္ေသာ ေဇယ်ာမြန္၊ ေတာင္သူစု၊ ေကာ့စံႏိုင္၊ ေျမာက္ပိုင္း စတဲ့ရပ္ကြက္ ၄ ခုနဲ႔၊ ဖကၠလိပ္ေက်းရြာ၊ မုပၸလင္ေက်းရြာမ်ားတြင္ ေရနစ္ျမဳပ္ခဲ့ျခင္းေၾကာင့္ ကယ္ဆယ္ေရးစခန္း ၆ခု ဖြင့္လွစ္ထားၿပီး ထိုကယ္ဆယ္ေရးစခန္းမ်ားႏွင့္ အေဝးေျပးကားလမ္းမႀကီးတြင္ ကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ အေ႐ွ႕ေတာင္တိုင္းစစ္ဌာန ခ်ဳပ္ က်ိဳက္ထိုတပ္နယ္မွ တပ္မေတာ္သားမ်ား အား ၂၀၁၇ခုႏွစ္ ဇူလိုင္လ ၂၂ ရက္ေန႔ ယေန႔ နံနက္ ၁၀း၀၀ နာရီအခ်ိန္တြင္ က်ိဳက္ထိုၿမိဳ႕နယ္ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီဥကၠဌ ဦးေဌးလြင္၊ ျပည္နယ္အရန္ေကာ္မတီဝင္ႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ားမွ ထမင္းထုပ္ႏွင့္ စားေသာက္ဖြယ္ရာမ်ား သြားေရာက္ေပးအပ္လွဴဒါန္းခဲ့ၾကေၾကာင္း သိ႐ွိရသည္။ ‌

Unicode

ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော တပ်မတော်သားများအား ကျိုက်ထို ပြည်ခိုင်ဖြိုး စားသောက်ဖွယ်ရာများလှူဒါန်း
-----------------------------------------------------------
ဇူလိုင် ၂၂
ကျိုက်ထို

ဇူလိုင်လ ၂၀ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက် ၄ ခုနဲ့ ကျေးရွာ ၂ ရွာ ရေနစ်မြုပ်ခဲ့သဖြင့် လူဦးရေ ၃ ထောင်နီးပါးရေးဘေးဒုက္ခကြုံတွေ့ ခဲ့ရပြီး ကျိုက်ထိုမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ဇေယျာမွန်၊ တောင်သူစု၊ ကော့စံနိုင်၊ မြောက်ပိုင်း စတဲ့ရပ်ကွက် ၄ ခုနဲ့၊ ဖက္ကလိပ်ကျေးရွာ၊ မုပ္ပလင်ကျေးရွာများတွင် ရေနစ်မြုပ်ခဲ့ခြင်းကြောင့် ကယ်ဆယ်ရေးစခန်း ၆ခု ဖွင့်လှစ်ထားပြီး ထိုကယ်ဆယ်ရေးစခန်းများနှင့် အဝေးပြေးကားလမ်းမကြီးတွင် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အရှေ့တောင်တိုင်းစစ်ဌာန ချုပ် ကျိုက်ထိုတပ်နယ်မှ တပ်မတော်သားများ အား ၂၀၁၇ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ ယနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဌေးလွင်၊ ပြည်နယ်အရန်ကော်မတီဝင်နှင့် မြို့နယ်ကော်မတီဝင်များမှ ထမင်းထုပ်နှင့် စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ ‌

No comments