Header Ads

ငါးခူရရဲစခန္းအား အၾကမ္းဖက္တုိက္ခုိက္ခံရမႈျဖစ္စဥ္မွ တရားခံေျပးေျခာက္ဦးကုိ ဖမ္းဆီးရမိ

ငါးခူရရဲစခန္းအား အၾကမ္းဖက္တုိက္ခုိက္ခံရမႈျဖစ္စဥ္မွ
တရားခံေျပးေျခာက္ဦးကုိ ဖမ္းဆီးရမိ
===================================
ရန္ကုန္ ဇူလုိင္ ၁၆
=============
လုံျခံဳေရးတပ္ဖြဲ႕ဝင္မ်ားသည္ ၂ဝ၁၆ ခုႏွစ္ ဇူလုိင္ ၁၅ ရက္က ငါးခူရရဲစခန္းအား အၾကမ္းဖက္တုိက္ခုိက္ခံရမႈျဖစ္စဥ္အမႈမွ တရားခံေျပး အမ်ဳိးသားေျခာက္ဦးကုိ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး သတင္းထုတ္ျပန္ေရးေကာ္မတီမွသိရသည္။
ေမာင္ေတာၿမိဳ႕နယ္ နယ္ေျမ(၅) ေအာက္ျပဴးမေက်းရြာ၌ BD/တရားခံ ေျပးမ်ား ေရာက္ရွိေနေၾကာင္းသတင္းအရ လုံျခံဳေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ ေသာ ပူးေပါင္းအဖြဲ႕သည္ ယမန္ေန႔ နံနက္ ၅ နာရီခြဲမွ စတင္၍ ေအာက္ျပဴးမေက်းရြာအတြင္းရွိ အိမ္ေထာင္စုစာရင္းမ်ားကုိ တရားခံေျပး စာရင္းမ်ားႏွင့္ တုိက္ဆုိင္စစ္ေဆးခဲ့သည္။   
ထုိသုိ႔စစ္ေဆးစဥ္ မြန္းလြဲ ၁၂နာရီ ၄၅ မိနစ္တြင္ ၂ဝ၁၆ ခုႏွစ္ ငါးခူရရဲစခန္းအား အၾကမ္းဖက္တုိက္ခုိက္မႈျဖစ္စဥ္အမႈမွတရားခံ  ေျပး အိမ္ေထာင္စုအမွတ္(၄၇)၌ေနသူ ေမာ္လဝီအီခရစ္(၃၈ ႏွစ္)ပါ     အမ်ဳိးသားေျခာက္ဦးအား ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိသည့္ တရားခံေျပးမ်ားအား ငါးခူရနယ္ေျမရဲစခန္း၌ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။         ဟန္ေလး

Unicode

ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှ
တရားခံပြေးခြောက်ဦးကို ဖမ်းဆီးရမိ
===================================
ရန်ကုန် ဇူလိုင် ၁၆
=============
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၅ ရက်က ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အမှုမှ တရားခံပြေး အမျိုးသားခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှသိရသည်။
မောင်တောမြို့နယ် နယ်မြေ(၅) အောက်ပြူးမကျေးရွာ၌ BD/တရားခံ ပြေးများ ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၅ နာရီခွဲမှ စတင်၍ အောက်ပြူးမကျေးရွာအတွင်းရှိ အိမ်ထောင်စုစာရင်းများကို တရားခံပြေး စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။   
ထိုသို့စစ်ဆေးစဉ် မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် ၂ဝ၁၆ ခုနှစ် ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အမှုမှတရားခံ  ပြေး အိမ်ထောင်စုအမှတ်(၄၇)၌နေသူ မော်လဝီအီခရစ်(၃၈ နှစ်)ပါ     အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် တရားခံပြေးများအား ငါးခူရနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။         ဟန်လေး

No comments